Xan Viewer Downloading
EPub ၊ Pdf စာအုပ်များကို ဖတ်ရှု နိုင်မည့် viewer
Xan ဒီဂျစ်တယ်(လ်) ဆိုက်မှ ဝယ်ယူထားသောEPub ၊ Pdf စာအုပ်များကို Xan Viewer ဖြင့်ဖတ်ရှုနိုင်ပါသည်။
အောက်ဖော်ပြပါအချက်များကို သဘောတူညီပါက Viewer အခမဲ့ ကိုအသုံးပြုနိုင်ပါသည်။
Xan Viewer မှထောက်ပံ့ပေး EPub ဖိုင်ပုံစံ၊ Pdf ဖိုင်ပုံစံ စာအုပ်များကို ဖတ်ရှု၍ရနိုင်ပါသည်။ Xan ၊ စာအုပ်ဆိုက်မှ ဝယ်ယူထားသော PDF သို့မဟုတ် EPub (ဖိုင်ပုံစံ) မဟုတ်ပါက တချို့သောစာအုပ်များသည် Xan Viewer တဆင့် ဖတ်ရှုရာတွင်အဆင်ပြေနိုင်လိမ့်မည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါကစာအုပ်များအဆင်ပြေစွာဖတ်ရှုရာတွင် ကြည့်ရှုနိုင်ပါသည်။
လက်ရှိစာမျက်နှာ ၏ download လင့် တွင် Xan Viewer ကို download ဆွဲယူနိုင်ပါသည်။
" Xan Viewer.msi " ဖိုင်ပေါ်သို့ Double click (နှစ်ချက်)နှိပ်၍ အင်စတောသွင်း ခြင်းကို ပြုလုပ်ပါ။ ဖော်ပြပါ အဆင့်အတိုင်းပြုလုပ်ပြီးပါကအင်စတောသွင်းခြင်း ပြီးဆုံးပြီဖြစ်ပါသည်။
အင်စတောသွင်းခြင်းပြီးဆုံးသည့်နောက်တွင် Start Menu ရှိ All Program အောက်သို့ Xan Viewer သည်ရောက်ရှိနေမည်ဖြစ်ပါသည်။၄င်း Xan Viewer ပေါ်သို့ နှစ်ချက်နှိပ်ကာ စတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။
(* အသုံးပြုသော OS အပေါ်မူတည်၍ Start Menu သည်ကွဲပြားနိုင်ပါသည်။ အထက်ပါဖော်ပြချက်သည် Window 7 အသုံးပြုသည့်အခြေအနေသို့ရည်ညွှန်းပါသည်။ )
Viewer ကိုစတင်ဖွင့်လိုက်သည်နှင့်စာအုပ်စင်ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။ စာအုပ်စင်၏အောက်နားရှိ [ + ] icon ပေါ်သို့ ကလစ်နှိပ်၍ သင်ဖတ်ရှုလိုသော (EPub or Pdf ဖိုင်ပုံစံ) စာအုပ်ရှိရာနေရာသို့ သွားရောက်ပါ။
ထို့နောက်စာအုပ်စင်အတွင်းသို့ရွေးချယ်ထည့်သွင်းနိုင်ပါသည်။တနည်းအားဖြင့် drag and drop ပုံစံပြုလုပ်၍လည်း စာအုပ်စင်အတွင်းသို့ထည့်သွင်းနိုင်ပါသည်။သင်ဝယ်ယူထားသော (EPub or Pdf ဖိုင်ပုံစံ) စာအုပ်များရှိလျှင် ၄င်းစာအုပ်များကို download ဆွဲယူရန်လိုအပ်ပါသည်။ Xan စာအုပ်ဆိုက်မှ ဝယ်ယူထားသောစာအုပ်များသာမက ရှိထားပြီးသော (EPub or Pdf ဖိုင်ပုံစံ) စာအုပ်များလည်း ထည့်သွင်းနိုင်ပါသည်။
သို့သော် Xan ၊ စာအုပ်ဆိုက်မှ ဝယ်ယူထားသော PDF သို့မဟုတ် EPub (ဖိုင်ပုံစံ) မဟုတ်ပါက တချို့သောစာအုပ်များသည် Xan Viewer တဆင့် ဖတ်ရှုရာတွင်အဆင်ပြေနိုင်ကြောင်း ကိုအာမခံခြင်း မပြုလုပ်နိုင်ပါ။
Xan Viewer ၏စာအုပ်စင်အတွင်းရှိ စာအုပ်ပေါ်သို့ Double click (နှစ်ချက်)နှိပ်၍ စာအုပ်ကိုဖတ်ရှုနိုင်ပါသည်။အကယ်၍ Xan စာအုပ်ဆိုက် မှဝယ်ယူထားသော မူပိုင်ခွင့်ကိုကန့်သတ်ထားသည့် စာအုပ်ဖြစ်ပါက ၄င်းစာအုပ်ကို ဖတ်ရှုရန် အသင်းဝင်အမှတ် (mail address) နှင့်စကားဝှက် (password) ကို အသင်းဝင် (LogIn ) စာမျက်နှာတွင်ရိုက်ထည့်ပေးရပါမည်။ထို့နောက်တွင်မူ စာအုပ်ကို စိတ်ကြိုက် setting ပြုလုပ်၍ ဖတ်ရှုနိုင်ပြီဖြစ်ပါသည်။
Viewer ကိုအသုံးပြုသည့်နည်းလမ်းများကို အသေးစိတ်ပိုမိုသိရှိလိုပါက အသုံးပြုရာတွင် လမ်းညွှန်ချက်များ ကို download ဆွဲယူ၍အသုံးပြုနိုင်ပါသည်။