»TOP > စတင်အသုံးပြုသူသို့ > အသင်းဝင်ခြင်း

အသင်းဝင်ခြင်း

①၀က်ဆိုက်ပထမဆုံးစာမျက်နှာ၏ ညာဘက်အပေါ်တွင်ရှိသော [မှတ်ပုံတင်ရန်]ကိုနှိပ်ပါ။

Xan|စာအုပ်ဆိုက် အသင်းဝင်မှတ်ပုံတင်ခြင်းပုံစံတွင် လိုအပ်သောအချက်အလက်များကိုရိုက် သွင်းပြီး၊ [အသုံးပြုရာတွင်စည်းကမ်းချက်များ ကိုသဘောတူပါသည်။] ကိုအမှတ်အသားပြု ရွေးချယ်ရန် လိုအပ်ပါသည်။ စည်းကမ်းချက်များကိုအသေးစိတ်သိရှိလိုပါက [အသုံးပြုရာတွင်စည်းကမ်းချက်များ] ကိုနှိပ်၍ဖတ်ရှုနိုင်ပါသည်။ ③ဖြည့်သွင်းထားသောအချက်အလက် များကိုသေချာစွာစစ်ဆေးပြီး မှားယွင်းချက်မရှိပါက [အတည်ပြုမည်]ကိုနှိပ် ၍ အသင်းဝင်မှတ်ပုံတင်ခြင်း ကို ဆက်လက်ဆောင်ရွက်နိုင်ပါသည်။

① [အတည်ပြုမည်] ကိုနှိပ်လိုက်ပါက မှတ်ပုံတင်ထားသောမေးလ်လိပ်စာသို့ ယာယီမှတ်ပုံတင်ပြီးကြောင်းမေးလ်ရောက်လာပါမည်။

② သို့မဟုတ်ရိုက်သွင်းထားသော အချက်အလက်များပြန်လည်ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ပါသည်။

တရားဝင်မှတ်ပုံတင်ပြီးကြောင်းအတည်ပြုရန်အတွက် ယာယီမှတ်ပုံတင်မေးလ်တွင်ပါရှိသော URL ကိုနှိပ် ပါကအသင်းဝင်မှတ်ပုံတင်ခြင်းစာမျက် နှာသို့ ပြန်လည်ရောက်ရှိပါမည်။

ထို့နောက်မေးလ်တစ်စောင်ထပ်မံရောက်ရှိလာပါမည်။ ၎င်းမေးလ်ကိုသေချာစွာထိန်းသိမ်းထားစေလိုပါသည်။

တရားဝင်မှတ်ပုံတင်ပြီးကြောင်းမေးလ်အတွင်းမှ URL သို့ထပ်မံဝင်ရောက်ပါက အသင်းဝင်မှတ်ပုံတင်ခြင်း ပြီးဆုံးပြီဖြစ်ပါသည်။

[i-Pressဝန်ဆောင်မှု] မှတ်ပုံတင်ခြင်းစာမျက်နှာပေါ်လာသည့်အတွက် [i-Pressဝန်ဆောင်မှုတွင် မှတ်ပုံတင် သည်။] ကိုနှိပ်ပါ။

ထို့နောက် မှတ်ပုံတင်ပြီးကြောင်းမေးလ်ရောက်လာပါက Xan ၏ အသင်းဝင်မှတ်ပုံတင်ခြင်း ပြီးဆုံးပြီဖြစ်ပါသည်။

အသင်းဝင်မှတ်ပုံတင်ရန်အတွက် [Xan Viewer] ကို install သွင်းရန်လိုအပ်ပါသည်။

Xan Viewer ၏ ညာဘက် menu ရှိ စာအုပ်စင်(စာအုပ်များရှိရာ)က နှိပ်၍ default browser မှတဆင့်အသင်းဝင်မှတ်ပုံတင်နိုင်ပါသည်။အသင်းဝင်မှတ်ပုံတင်ခြင်းပြီးဆုံး၍ အသုံးပြုရန်ဝင်ရောက်လိုပါက Xan Viewer ၏ menu ခလုတ်၊ ၊ မှ [Login] ကိုနှိပ်ပါ။

Loginစာမျက်နှာကိုရောက်သောအခါ အသင်းဝငအမှတ်(မေးလ်လိပ်စာ)နှင့် စကားဝှက်ကိုရိုက်သွင်းပါ။အသင်းဝင်အမှတ်နှင့် စကားဝှက်ကိုထိန်းသိမ်းလိုပါက [Save UserID and Password] တို့တွင် အမှတ်အသားပြုလုပ်ထား နိုင်ပါသည်။ထိုသို့ပြုလုပ်ခြင်း ဖြင့် နောက်တစ်ကြိမ်(Login) ဝင်သည့်အခါ အလိုအလျောက်ဝင်ရောက်နိုင်ပါသည်။

iOS device (iPhone/iPod touch,iPad) ၏ keymark( )ကိုနှိပ်လိုက်သည်နှင့် အသုံးပြုရန် ဝင်ရောက်သည့်စာမျက်နှာကိုဖော်ပြထားပါသည်။

အသင်းဝင်အမှတ်စဉ်(မေးလ်လိပ်စာ)နှင့် စကားဝှက်ကိုရိုက်သွင်းပါ။

[နောက်တစ်ခေါက်မှစ၍ အလိုအလျောက် အသုံးပြုရန်ဝင်ရောက်ခြင်း]ခလုတ်ကိုဖွင့်ထားပါက၊ စာအုပ်များကိုဖတ်ရှုသည့်အခါ account နှင့် စကားဝှက် ရိုက်သွင်းရသည့်အချိန်ကိုလျော့ချ ပေးသောကြောင့် အဆင်ပြေစေပါသည်။

ဤတွင် ပြီးပါပြီ။

ကျေးဇူးအထူးတင်ရှိပါသည်။

နှုတ်ထွက်ချင်သူများသည်[အသင်းဝင် စာမျက်နှာ]အတွင်းရှိ[အသင်းဝင်အဖြစ် မှနှုတ်ထွက်ခြင်း]ကိုနှိပ်ပါ။Xan ၏ အသင်းဝင်အဖြစ်မှ နှုတ်ထွက်ခြင်းစာမျက်နှာတွင် စကားဝှက်ကိုရိုက်သွင်း၍၊ [နှုတ်ထွက်ခြင်း]ကို နှိပ်လိုက်ပါကနှုတ်ထွက်သွားပြီဖြစ်ပါသည်။ တစ်ကြိမ် နှုတ်ထွက်မိပါက စာအုပ်ကိုဝယ်ယူခြင်း၊ ဝယ်ယူထားပြီးသားစာအုပ်များကိုဆွဲယူခြင်းအစရှိသဖြင့် ဝန်ဆောင်မှုအားလုံးပျက်သွားမည်သောကြောင့် အထူးသတိပြုစေလိုပါသည်။

Xan|စာအုပ်ဆိုက်တွင် မှတ်ပုံတင်ခဲ့သောအသင်းဝင် အချက်အလက်များဖြစ် သော၊ အသင်းဝင် အမှတ် (မေးလ်လိပ်စာ)သည် [i-Press ဝန်ဆောင်မှု] နှင့်လည်းချိတ်ဆက်ထားပါသည်။

[i-Pressဝန်ဆောင်မှု]၏ ဖွဲ့စည်းတည်ဆောက်ထားမှုသည် အခြားသော e-book ဆိုက်များတွင်လည်းအသုံးပြု နိုင်အောင်ပြုလုပ်ထားပါသည်။

① [i-Press account] နှင့် စကားဝှက် လိုအပ်သောကြောင့် အမှတ်စဉ်(ID)နှင့် စကားဝှက်တို့ကိုမမေ့ရန် မေတ္တာရပ်ခံအပ်ပါသည်။

② [i-Press account]ကိုကြိမ်ဖန်များစွာမှတ်ပုံတင် ၍account များတစ်ခုထက်ပို၍ အသုံးပြုပါက အစားထိုးလဲလှယ်ခြင်းများဖြစ်ပေါ်လာပြီး အသုံးပြုရာတွင်အဆင်မပြေဖြစ်လာ နိုင်ပါသည်။ ထို့ကြောင့် ကြိမ်ဖန်များစွာမှတ်ပုံတင်ခြင်းကိုမပြုလုပ်မိစေရန် မေတ္တာရပ်ခံအပ် ပါသည်။