»TOP > စတင်အသုံးပြုသူသို့

အသုံးပြုရန် လမ်းညွှန်ချက်များ

Xan ကို Xan IT Solutions Co.,Ltd ကုမ္ပဏီမှ ဆောင်ရွက်စီမံပြီး၊ e-book ကို အစပြု၍ အမျိုးမျိုးသော စာအုပ်များကို ရောင်းချသောဆိုက် ဖြစ်ပါသည်။

အမျိုးအစားစုံလင်သော e-book များကို တစ်နေရာတည်းတွင်ဝယ်ယူဖတ်ရှုနိုင်သောဆိုက်တစ်ခုဖြစ်ပါသည်။

စာပေအမျိုးအစားပေါင်းစုံအတွက် e-book များရှိခြင်း

Windows , Android, iOS တို့ကို အခြေခံမူလပါရှိသော ဆော့ဖ်ဝဲလ်(OS) device ဖြစ်ပါက၊ မည်သည့် device မှမဆို အသုံးပြုနိုင်ပါသည်။

ဦးစားပေး device ဖြင့် ခွဲခြားထားခြင်း မရှိဘဲ၊ စာအုပ်များကို အဆင်ပြေစွာ ဖတ်ရှုနိုင်ပါသည်။

ထို့ပြင်၊ ဖတ်ရှုမည့်စာအုပ်ကို device ၏OSဖြင့် မ၀ယ်ယူခင်တွင် အတည်ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Windows device ဖြစ်ပါက Xan မှ ညွှန်ကြားထားသော viewer တွင် ရွေးချယ်ပြီးနောက် စာအုပ်များကို အဆင်ပြေစွာ ဖတ်ရှုနိုင်ပါသည်။

※စာအုပ်များကို ကိုက်ညီသော Viewer ဖြင့်အဆင်ပြေမှန်ကန်စွာရွေးချယ်ပါကအခက်အခဲရှိနိုင်မည်မဟုတ်ပါ။

Android device အတွက် Xan viewer ဖြင့် ကြည့်ရှုနိုင်ပါသည်။iPhone/iPod touch, iPad အတွက် အခမဲ့ သို့မဟုတ် စာမြည်းစာအုပ်များကို iBook ဖြင့်ဖတ်ရှု နိုင်ပြီး ဒီဂျစ်တယ်လ် DRM စာအုပ်များကို ဖတ်ရှုရန် Viewer မကြာမီရရှိမည်ဖြစ်ပါသည်။

Xan viewer ဖြင့်် စာအုပ်များကို အဆင်ပြေစွာ ဖတ်ရှုနိုင်ခြင်း


Xan တွင် စာအုပ်များကို ရောင်းချခြင်းနှင့် ငှားရမ်းခြင်း (e-rental) ရှိပါသည်။

e-rental ဆိုသည်မှာ ဈေးနှုန်းသင့်လျော်သော စာအုပ်များကိုငှားရမ်းရန်စုစည်းထားခြင်းဖြစ်ပါသည်။

မိမိကိုယ်တိုင် ပိုင်ဆိုင်၍ ဖတ်ရှုချင်သော စာအုပ်များနှင့် အကြိမ်ကြိမ် အခါခါ ဖတ်ရှုချင်သော စာအုပ်များကို အနိမ့်ဆုံးဈေးဖြင့် ငှားရမ်းချင်သောအခါတွင် e-rental ကိုအသုံးပြုနိုင်ပါသည်။

ထို့ပြင်၊ e-rental အခြေအနေဖြစ်ပါက စာအုပ်များအလိုက် ဖတ်ရှုနိုင်သောအချိန်ကာလသည် ကွဲပြားလာသောကြောင့်၊ ကန့်သတ်ထားပါသည်။

e-book store Xan တွင် စာအုပ်ကို ၀ယ်ယူသောအခါ အသင်း၀င်မှတ်ပုံတင်ခြင်း(အခမဲ့) ကိုလိုအပ်ပါသည်။

အီးမေးလ် တစ်ခုတည်းဖြင့် လွယ်ကူစွာ မှတ်ပုံတင်နိုင်ပါသည်။

အသေးစိတ်ကို အောက်ပါ (အသင်း၀င်ခြင်း) တွင်ကြည့်ပါ။

(အသင်း၀င်ခြင်း)

၀ယ်ယူထားသော စာအုပ်များကို ဖတ်ရှုရာတွင် Viewer application လိုအပ်ပါသည်။

၀ယ်ယူပြီးနောက်တွင် စာအုပ်များနှင့် သင့်လျော်သော Free Xan Viewer software ကို download ဆွဲယူပါ။


Android-OSဖြင့် ပြုလုပ်ထားသော စမတ်ဖုန်းနှင့် tablet device တို့တွင် စာအုပ်ကို အဆင်ပြေစွာ ဖတ်ရှုနိုင်ရန်အတွက် အောက်တွင်ရှိသော application နှစ်ခုကို ဆွဲယူ၍ install ပြုလုပ်ပေးပါ။

 ၁။Xan Viewer

 ၂။iPress ၀န်ဆောင်မှု

iPhone/iPod touch, iPad အတွက် အခမဲ့ သို့မဟုတ် စာမြည်းစာအုပ်များကို iBook ဖြင့်ဖတ်ရှု နိုင်ပြီး ဒီဂျစ်တယ်လ် DRM စာအုပ်များကို ဖတ်ရှုရန် Viewer မကြာမီရရှိမည်ဖြစ်ပါသည်။


အသေးစိတ်ကို အောက်ပါ (စာအုပ်များကိုအဆင်ပြေစွာဖတ်ရှုရန်) တွင်ကြည့်ပါ။

(စာအုပ်များကိုအဆင်ပြေစွာဖတ်ရှုရန်)

ဈေး၀ယ်ခြင်းကို ပြုလုပ်ပြီးနောက် ပေါ်ပေါက်လာသော မေးခွန်းများ၊ ပြဿနာများရှိခဲ့ပါက အောက်ပါတို့ကို ကြည့်ရှုပေးပါ။

မေးခွန်းများရှိပါက အမေးများသောမေးခွန်းများ စုစည်းရာ အမေးများသော မေးခွန်းများ

Q&Aတွင် မဖြေရှင်းရသေးသော မေးခွန်းများနှင့် သိလိုသောအရာများအတွက် စုံစမ်းမေးမြန်းခြင်း

သို့ဖြစ်ပါ၍ Xan တွင် စာအုပ်များကိုအဆင်ပြေစွာ ဝယ်ယူနိုင်ပါပြီ။