»TOP > မူပိုင်ခွင့်

မူပိုင်ခွင့်နှင့် ပတ်သက်၍

Xan ဝက်(ဘ်)ဆိုက် တွင် တင်ပြရောင်းချသည့်စာအုပ်များ၏ မူပိုင်ခွင့်မှာ သက်ဆိုင်ရာဥပဒေနှင့်အညီ တရားဝင် ပိုင်ဆိုင်ခွင့်ရှိသူများ၏ လက်ဝယ်တွင် ဆက်လက်တည်ရှိပါသည်။

Xan တွင် စာအုပ်အချက်အလက် တစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ တရားဝင်ပိုင်ဆိုင်ခွင့်ရှိသည်မှအပ မူပိုင်ခွင့်တစ်စုံတစ်ရာ ပိုင်ဆိုင်ခွင့် မရှိပါ။ ထိုစာအုပ်အချက်အလက်ဆိုင်ရာ ပိုင်ဆိုင်ခွင့်များမှာ သက်ဆိုင်ရာ မူပိုင်ခွင့်ရှိသူ၏ ပိုင်ဆိုင်မှုများ ဖြစ်ပါသည်။ စာအုပ်အချက်အလက်များ ဆိုရာတွင် စာသားများ၊ စာတွဲများ၊ စာအုပ်ဒီဇိုင်းနမူနာများ၊ ပုံများ၊ ဓါတ်ပုံများ၊ ဗီဒီယိုဖိုင်များ၊ အသံများ၊ စာပေလက်ရာများ ပါဝင်ပါသည်။

စာအုပ်များအားလုံး သို့မဟုတ်၊ တစ်စိတ်တစ်ဒေသကို ပုဂ္ဂိုလ်ရေးရာအသုံးပြုမှုအပြင်၊ အခြားသောရည်ရွယ်ချက်ဖြင့် ပြန်လည်ထုတ်ဝေခြင်း၊ မိတ္တူကူးခြင်း။

စာအုပ်များအားလုံး သို့မဟုတ်၊ တစ်စိတ်တစ်ဒေသကို Third party ထံ ဖြန့်ဝေခြင်း၊ ချေးပေးခြင်း၊ လွှဲပြောင်းခြင်း၊ လူအများကြားပေးပို့ခြင်း၊ လူအများကြား အလိုအလျောက်ပေးပို့ခြင်း။

စာအုပ်များအားလုံး သို့မဟုတ်၊ တစ်စိတ်တစ်ဒေသကို ခွဲခြမ်းစိတ်ဖြာခြင်း၊ တစ်ဖန် ထုတ်နုတ်ယူကာ ပြန်လည်ပြုလုပ်ခြင်း။

စာအုပ်များအားလုံး သို့မဟုတ်၊ တစ်စိတ်တစ်ဒေသကို ပြန်လည်ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ သင့်လျော်ကိုက်ညီအောင် ပြုလုပ်ခြင်း၊ တည်းဖြတ်ခြင်း၊ ဖြတ်ထုတ်ခြင်း၊ အသစ်ပြန်ပြောင်းခြင်း။

Xan အသင်းဝင်တစ်ဦးဦးသည် မူပိုင်ခွင့်ဆိုင်ရာများကို ချိုးဖောက်ကြောင်း မူပိုင်ခွင့်ပိုင်ဆိုင်သူ သို့မဟုတ် ၄င်း၏ ကိုယ်စားလှယ်က Xan သို့ အကြောင်းကြားလာသည့်အခါ ထိုအသင်းဝင်သည် Xan ၏ အသင်းဝင်အဖြစ်မှ ရပ်စဲခံရမည့်အပြင် အဆိုပါချိုးဖောက်မှုကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်အသီးသီးအတွက်လည်း တာဝန်ရှိစေရမည်။ ထိုသို့ မူပိုင်ခွင့်ချိုးဖောက်ခံရကြောင်း အကြောင်းကြားမှုတွင် မူပိုင်ခွင့်ချိုးဖောက်ခံရသည့် အချက်အလက်အား ပြည့်စုံစွာ ရှင်းလင်းဖော်ပြလျက် မိမိ၏လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ စသည်တို့နှင့်တကွ Xan ၏ အောက်ပါလိပ်စာသို့ အကြောင်းကြားရမည်။

Xan IT Solutions Co.,Ltd

အဆောင် (၂)၊ အခန်းအမှတ်(၂-၄)၊Myanmar ICT park ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ

ဖုန်းနံပါတ် -01-2305108,01-2305109,01-2305110,01-652239,01-652270

အီးမေးလ် - contact@xan.com.mm

မာတိကာဖြင့်ရှာဖွေခြင်း

"လက်ရှိစာအုပ်ဆိုင်တွင် ဝယ်ယူနိုင်သည့်စာအုပ်များသာ ဖော်ပြထားသည်။"

မူလအတိုင်းဖော်ပြမည်။

စာအုပ်ဆိုင်တန်း

  • xan
  • swelsone